သေသည့်တိုင်အောင်(သွားခိုင်)တဲ့ဆေးနည်း အသက်ကြီးလာရင် (သွား)နာတာသွား(နဲ့ )တာဖြစ်လာတတ်ပါတယ်နောက်တော့(သွား)ကကျိုးတော့တာပါဘဲ ကျိုးပီးရင်ပြန်မပေါက်တော့ပါ (သွား)ကျိုးရင်မိမိစားတဲ့အစာကျေညှက်စွာမဝါးနိုင်ခြင်းကြောင့်အဟာရဖြစ်ထွန်းမှုနည်းတော့တာပါ အသက်ကြီးလာတာနဲ့ မိမိ၏(သွား)မကျိုးရအောင် ကြိုတင်ကာကွယ်နိုင်ရန်စေတနာရှေ့ထား၍ငွေမကုန်တဲ့ဆေးနည်းလေးကိုမျှဝေရခြင်းဖြစ်ပါတယ် (မသိရင်ရွှေတစ်ဆုပ်လောက်တန်ဘိုးရှိသလို သိရင်ဖွဲတစ်ဆုပ်လောက်)တန်ဘိုးမရှိသော်လည်း ဒီဆေးနည်းလေးကို သုံးစွဲသူ သက်ကြီးရွယ်အိုများ(သွား)မကျိုး သွားခိုင်တာကိုတွေ့မြင်ရ၍ ဒီဆေးနည်းမျှဝေခြင်းအားဖြင့်ပီတိဖြစ်မိပါတယ် ၁။ကုက္ကိုခေါက်(တောကုက္ကို)၂။တမာခေါက်၃။ထနောင်းခေါက် လည်းကောင်းအခေါက်သုံးမျိုးကိုဆတူရေနှင့်သုံးခွက်တစ်တင်ပြုပ်ပါပြုပ်ရေကို မနက်မျက်နှာမသစ်ခင်၁၅မိနစ်ခန့်ငုံထားပါ ပြီးမှမျက်နှာသစ်ပါသုံးရက်ဆက်တိုက်ပုံမှန်ပြုလုပ်ရင်(နဲ့)နေတဲ့(သွား)ပြန်ခိုင်ပါတယ် အသားငါးစားရင် သွားနာပြီးပြန်( နဲ့)လာတတ်ပါတယ် ၄င်းပြုပ်ရေကိုထပ်ငုံပါ သေသည့်တိုင်အောင်(သွား)မကျိုးတော့ပါ။ (အာရောဂျံ ပရမံ လာဘံ) crd