ဆင္ျဖဴေတာ္ေပၚထြန္းေၾကာင္း သတင္းထုတ္ျပန္ – My Blog

ဆင္ျဖဴေတာ္ေပၚထြန္းေၾကာင္း သတင္းထုတ္ျပန္

ဆင္ျဖဴေတာ္ေပၚထြန္းေၾကာင္း သတင္းထုတ္ျပန္

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕ နယ္ရွိ ျမန္မာ့သစ္လုပ္ငန္းမွ ထိန္းေက်ာင္းထားရွိေသာဆင္ဝိုင္းမွ ဆင္မ ဇာနန္းလွ၊ အသက္ ၃၃ ႏွစ္က ထူးျခား အသြင္သ႑ာန္ရွိသည့္ ဆင္ျဖဴေတာ္ (အထီး)ကေလး (၁)စီးအား ၂၃-၇-၂၀၂၂ ရက္ေန႕ နံနက္ပိုင္း မဂၤလာအခ်ိန္ ၀၆း၃၀ နာရီတြင္ ေမြးဖြားခဲ့ၿပီးအဆိုပါ ဆင္ျဖဴေတာ္ကေလးမွာ အရပ္အျမင့္ ၂ ေပ ၅ လက္မ၊ ကိုယ္လုံး လုံးပတ္ ၃ ေပ ၁ လက္မ၊ေက်ာအလ်ား ၂ ေပ၊ အၿမီးအလ်ား ၁ ေပ ၆လက္မႏွင့္ ေမြးဖြားစ ကိုယ္အေလးခ်ိန္ ၁၈၀ ေပါင္ခန႔္ရွိပါသည္။

ေရွးသမိုင္းပညာရွိမ်ား၏ မိန႔္ဆိုခ်က္မ်ားအရ ရတနာဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏဘမ်ားသည္ မ်က္လုံး ပုလဲေရာင္၊ ငွက္ေပ်ာကိုင္းသ႑ာန္ေက်ာကုန္း၊ အျဖဴကဲ့သို႔ အေမႊးေရာင္၊အၿမီးမွာ တခါးပိတ္လက္ဝါးပုံသ႑ာန္၊ အေရျပား ဩဇာကြက္၊ အသားအေရ ပန္းေရာင္၊ေျခဖဝါးတြင္ ေရွ႕ေျခသည္း ၅ ခုစီႏွင့္ ေနာက္ေျခသည္း ၅ ခုစီပါၿပီး နား႐ြက္မွာ နားႀကီးျခင္းတို႔ရွိရမည္ ျဖစ္ေၾကာင္း အခ်က္ ၈ ခ်က္ျဖင့္ေဖာ္ျပထားပါသည္။

အထက္ေဖာ္ျပပါ ရခိုင္ျပည္နယ္တြင္ ထပ္မံေပၚထြန္းသည့္ ဆင္ျဖဴ ေတာ္(အထီး) ကေလးသည္ ဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာမ်ားအနက္ မ်က္လုံး ပုလဲေရာင္ျဖစ္ျခင္း၊ေက်ာကုန္းမွာ ငွက္ေပ်ာကိုင္းသ႑ာန္ျဖစ္ျခင္း၊ အေမႊးအျဖဴေရာင္ျဖစ္ျခင္း၊ အၿမီး တခါးပိတ္ျဖစ္ျခင္း၊ အေရျပားမွာ ဩဇာကြက္ျဖစ္ျခင္း၊

အသားအေရပန္းေရာင္ျဖစ္ျခင္း၊ ေျခဖဝါးတြင္ေရွ႕ေျခသည္း ၅ ခုစီႏွင့္ ေနာက္ေျခသည္း ၄ ခုစီပါရွိျခင္း၊ နားႀကီးျခင္းတို႔ေၾကာင့္ ဆင္ျဖဴေတာ္9ကေလးမွာ ရတနာ ဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာမ်ားႏွင့္ ကိုက္ညီမႈရွိေၾကာင္းႏွင့္ အခ်က္၈ ခ်က္ တြင္ ၇ ခ်က္ ကိုက္ညီမႈရွိေၾကာင္း စိစစ္ေတြ႕ရွိရပါသည္။

ယခင္ေပၚထြန္းခဲ့သည့္ ဆင္ျဖဴေတာ္ ၉ စီးတြင္ ပထမဆုံးေပၚထြန္းခဲ့သည့္ ဆင္ျဖဴေတာ္ ၁ စီးသာ ၾကန္အင္လကၡဏာ ၇ ခ်က္ႏွင့္ ကိုက္ညီခဲ့ၿပီး က်န္ဆင္ျဖဴေတာ္ ၈ စီးမွာ အမ်ားဆုံး ၆ ခ်က္သာကိုက္ညီသည္ကို စိစစ္ေတြ႕ရွိရပါသည္။

ယခုေပၚထြန္းလာသည့္ ဆင္ျဖဴေတာ္ကေလးမွာ အသက္(၁၀)ရက္သားတြင္ အရပ္အျမင့္ ၂ ေပ၅ လက္မခြဲခန႔္ႏွင့္ ကိုယ္အေလးခ်ိန္ ၁၉၀ ေပါင္ခန႔္ရွိလာၿပီး မိခင္ဆင္မႀကီးႏွင့္အတူက်န္းမာေပ်ာ္႐ႊင္ လွ်က္ရွိေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန

ဆင်ဖြူတော်ပေါ်ထွန်းကြောင်း သတင်းထုတ်ပြန်ချက်နေပြည်တော်၊ ၂-၈-၂၀၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသောဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ထူးခြား အသွင်သဏ္ဍာန်ရှိသည့် ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်း မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီးအဆိုပါ ဆင်ဖြူတော်ကလေးမှာ အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ကျောအလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆လက်မနှင့် မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်ခန့်ရှိပါသည်။

ရှေးသမိုင်းပညာရှိများ၏ မိန့်ဆိုချက်များအရ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏဘများသည် မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဍာန်ကျောကုန်း၊ အဖြူကဲ့သို့ အမွှေးရောင်၊အမြီးမှာ တခါးပိတ်လက်ဝါးပုံသဏ္ဍာန်၊ အရေပြား ဩဇာကွက်၊ အသားအရေ ပန်းရောင်၊ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၅ ခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ရှိရမည် ဖြစ်ကြောင်း အချက် ၈ ချက်ဖြင့်ဖော်ပြထားပါသည်။

အထက်ဖော်ပြပါ ရခိုင်ပြည်နယ်တွင် ထပ်မံပေါ်ထွန်းသည့် ဆင်ဖြူ တော်(အထီး) ကလေးသည် ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများအနက် မျက်လုံး ပုလဲရောင်ဖြစ်ခြင်း၊ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီး တခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊

ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းတို့ကြောင့် ဆင်ဖြူတော်9ကလေးမှာ ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အချက်၈ ချက် တွင် ၇ ချက် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

ယခင်ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၉ စီးတွင် ပထမဆုံးပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၁ စီးသာ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန်ဆင်ဖြူတော် ၈ စီးမှာ အများဆုံး ၆ ချက်သာကိုက်ညီသည်ကို စိစစ်တွေ့ရှိရပါသည်။

ယခုပေါ်ထွန်းလာသည့် ဆင်ဖြူတော်ကလေးမှာ အသက်(၁၀)ရက်သားတွင် အရပ်အမြင့် ၂ ပေ၅ လက်မခွဲခန့်နှင့် ကိုယ်အလေးချိန် ၁၉၀ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူကျန်းမာပျော်ရွှင် လျှက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Leave a Reply

Your email address will not be published.