22,2,2021 နှစ် ငါးလုံး သမိုင်းဝင်မယ့် အရေးတော်ပုံကြီးမှာ တတိုင်းပြည်လုံး တစ်မြို့မကျန်ပါဝင်ကြဖို့တိုက်တွန်း ပါ ရစေလို့ ဆိုလာတဲ့ မင်းမော်ကွန်း

22,2,2021 နှစ် ငါးလုံး သမိုင်းဝင်မယ့် အရေးတော်ပုံကြီးမှာ တတိုင်းပြည်လုံး တစ်မြို့မကျန်ပါဝင်ကြဖို့တိုက်တွန်း ပါ ရစေလို့ ဆိုလာတဲ့ မင်းမော်ကွန်း

(Unicode)

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်း က တော့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင် နေတာ ဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ အမျာအပြားကိုလည်း ရိုက်ကူးထားတာ ပဲဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ သရုပ် ဆောင်စွမ်းရည် ထူးချွန်ပြောင်မြောက်မှုကြောင့် ခေါင်း ဆောင်မင်းသား နေရာကနေ ဇာတ်ကား ပေါင်း များစွာ နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ အောင်မြင်စွာ ရိုက်ကူးထားနိုင်ပြီးပရိသတ် တွေ ကလည်း တစ်ခဲနက် အားပေးကြတာ လည်းတွေ့ရပါတယ်နော်…..။

ယခုနောက်ပိုင်းတွင်လည်း အနုပညာအလုပ်တွေကို ဆက်လက်ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပြီး လ တ်တလောမှာတော့ ပြည်သူတွေနဲ့ အတူ လူထူလှုပ်ရှားမှုတွေကို စိတ်အားထက်သန်စွာ ပါဝ င် လှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။အခုတစ်ခါမှာဆိုရင်လည်း မင်းမော်ကွန်းက “22,2,2021 နှစ် ငါး လုံး သမိုင်းဝင်မယ့် အရေးတော်ပုံကြီးမှာ တတိုင်းပြည်လုံး တစ်မြို့မကျန် ပါဝင်ကြဖို့ တိုက်တွန်းပါ ရစေ စာပေ ရုပ်ရှင် သဘင် ဂီတ အနုပညာရှင်များကလည်း ပြည်သူနဲ့တစ်သားထဲရှိကြောင်းပြသ ဖို့ တစ်ယောက်မကျန်ပါဝင်ဖို့ အထူးမေတ္တာရပ်ခံ ပါတယ်ခင်မျာ

ဝန်ထမ်းများအားလုံး တစ်ယောက် မကျန်CDMလုပ်ဖို့ကိုလည်း အသနားခံတောင်းပန်အပ်ပါ သ ည်ကျွန်တော်တို့ပြည်တွင်းအင်အား ညီညွတ်စွာနဲ့ ကမ္ဘာကကူညီစရာမလိုပဲ အနိုင်ရခဲ့တဲ့ နှစ် ငါး လုံးCDMသပိတ်ဆိုပြီးကမ္ဘာ့အလည်မှာဂုဏ်ယူစရာဖြစ်ဖို့ကျွန်တော်တိုရဲ့သူရဲကောင်းဝန်ထမ်းများ

ကိုယ်ကြိုးစွန့်အနစ်နာခံပြီးလမ်းမပေါ် တိုက်ပွဲဝင်နေကြသော သူရဲကောင်းကျောင်းသားပြည် သူ များ မိမိအနာဂါတ် မိသားစုအနာဂါတ်တွေ ဘဝတွေနဲ့ရင်းပြီး ပြည်သူနဲ့တစ်သားထဲ ရှိကြသော ရဲဘော်ရဲဘက် သူရဲကောင်း အနုပညာရှင်များ တစ်နေ့တမျိုးမရိုးနိုင်တဲ့ ကမ္ဘာကျော် campaign တွေနဲ့ အလွန်ဉာဏ်ကောင်းညီညွတ်ကြသော သူရဲကောင်းမျိုးဆက်သစ် GZ များ အပြင်မထွက် သော်လည်း ည၈ နာရီထိုးတိုင်းတာဝန်ကျေပွန်သူ သံပုန်းတီးသူရဲကောင်းများ

ည၉ နာရီထိုးတိုင်း ပဌာန်းရွတ်ဖတ် သစ္စာဆိုကြသော သူတော်စင်သူရဲကောင်းများ အားလုံး အားလုံးရဲ့စုပေါင်းအင်အားနဲ့ အစိုးရအမည်ခံ အာဏာရှင်သူပုန်များကို ဖြုတ်ချပစ်ကြပါစို့ အ စိပ်စိပ်အမွှာမွှာပြိုကွဲနေတဲ့ တပ်ပျက်ကြီးကို တိုက်ထုတ်ပစ်ကြပါစို့ ခေတ်နောက်ပြန်ဆွဲပြီး တစ် ဦးတစ်ယောက်ကောင်းစားရေးအတွက် တိုင်းပြည်နဲ့ပြည်သူကိုဒုက္ခမျိုးစုံပေး လျှက်ရှိ သောအာ ဏာရှင် စနစ်ဆိုးကြီးကို အမြစ်ပြတ် တိုက်ခိုက်ခြေမှုန်းကြပါစို့

အလွှာပေါင်းစုံမှလေးစားချစ်ခင်ရပါသော တာဝန်ကျေကြသော သူရဲကောင်းအပေါင်းတို့ ဘာ ပျ က် နေလည်း တပ်ပျက်နေတယ် ဘာပျက်ဘာပျက် တပ်ပျက်တပ်ပျက် အာဏာရှင်စနစ် အလိုမရှိ စစ်အစိုးရ အလိုမရှိ အရးတော်ပုံအောင်ရမည်”ဆိုပြီး သူရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင် ရေးသားဖော်ပြလာတာကြောင့် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်…..။

သတင်းအရင်းမြစ်: Kyaw Kyaw Htay Lwin FB Account

(Zawgyi)









Leave a Reply

Your email address will not be published. Required fields are marked *