သူမကို ဒီချိန်မှာပါတီစွဲမလုပ်ရဘူးလို့ လာပြောတဲ့သူကို တိကျပြတ်သားတဲ့ စကား လုံးတွေနဲ့ ချက်ကျလက်ကျ ထောက်ပြပြောဆိုလိုက်တဲ့ သက်မွန် မြင့်
သူမကို ဒီချိန်မှာပါတီစွဲမလုပ်ရဘူးလို့ လာပြောတဲ့သူကို တိကျပြတ်သားတဲ့ စကား လုံးတွေနဲ့ ချက်ကျလက်ကျ ထောက်ပြပြောဆိုလိုက်တဲ့ သက်မွန် မြင့်
(Unicode)
ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပရိတ်သတ်ရဲ့ အချစ်တော် အကယ်ဒမီသက်မွန် မြင့်ဟာ ဆိုရင် ကျရာဇာတ်ရုပ်ကို တိကျပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီး ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်နော်။
ပရိတ်သတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ ချစ်သက်က သရုပ်ဆောင်ပိုင်းမှာအင်မတန်မှထူးချွန်လှပြီး သူမရဲ့ ချစ်စရာကောင်း လွန်းတဲ့မျက် နှာ လေးက ပရိတ်သတ်တွေကို အချစ်ပိုစေတာပဲဖြစ်ပါတ ယ်..။ တိုင်းရင်းသူမလေးချစ်သက်ကရဲ့ စကားပြောပုံလေးကဆိုရင်လည်း ပရိတ်သတ်တွေကို ထူးထူးခြားခြားဆြွဆောင်မှုရှိနေတာဆို ရင် လည်းမမှားပါဘူးနော်.။
ချစ်သက်က သူမကိုအရမ်းချစ်ပြီးွှရမ်းအလိုလိုက်တဲ့ ခင်ပွန်းအပြင် ချစ်စရာကောင်းတဲ့ သား သားလေးနဲ့မီးမီးလေးကိုပိုင်ဆိုင်ထားပြီး သားယာပျော်ရွှင်စရာကောင်းတဲ့ မိသားဆုလေးကို ပိုင် ဆိုင်ထားတာပဲဖြစ်ပါတယ်နော်…။ လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးမငြိမ်သက်တဲ့အခြေ အနေ မှာဆိုရင်လည်း သက်မွန်ဟာ နေ့တိုင်းလမ်းပေါ်ထွက်ပြီး ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်း စွာဆန္ဒဖော်ထုတ်နေတာပဲဖြစ်ပါတယ်နော်။
အခုတစ်ခါမှာဆိုရင်လည်း သူမကို ဒီချိန်မှာပါတီစွဲမလုပ်ရဘူးလို့ ကွန့်မန့်မှာလာပြောတဲ့သူကို အ ခု လိုပဲ ချက်ကျလက်ကျထောက်ပြပြောဆိုခဲ့တာပဲဖစ်ပါတယ်နော်။ သက်မွန်က “ဒီချိန်မှာ ပါတီ စွဲ မလုပ်ရဘူးတဲ့ သက်မွန်ကို ကွန်မန့်မှာ လာပြောတယ်!သက်မွန် လေးစားရတဲ့ အမေစုက NLD ဆိုမှတော့ ကိုယ်လည်း NLD ပေါ့! ရှင်းနေတာကိုတခြား ဘယ်သူများ သူ့လောက် လေး စား အားကိုးစရာ ရှိလို့လဲဟင်?? စဉ်းစားကြည့်ပါ! ကမ္ဘာတဝန်းက လေးစားချစ်ခင်ရတဲ့, မျက် နှာချီ ရင်ကော့ပြီး လျှောက်နိုင်တဲ့သူ( အရည်ချင်းပြည့်လျှံနေလို့ကို ယုံကြည့်မှုအပြည့်နဲ့ လျှောက် ရဲတာ) နဲ့ပြည်တွင်းမက တကမ္ဘာလုံးက ဝိုင်းလက်ညှိုးထိုး ရှုံ့ချခံရသူ ဘယ်ခေါင်းဆောင်အော က်မှာ သင် နောက်လိုက်ဖြစ်ချင်သလဲ?
ရာစုတွေနဲ့ချီပြီး အုပ်ချုပ်မှုမှာ ပြည်သူကလွဲ သူတို့ ချမ်းသာသွားတာနဲ့ သူတို့ကလွဲ ပြည်သူ ချမ်း သာသွားတာ ( ဒါတောင် ၅ နှစ်ထဲနော်)ဘယ်သူ့ကို သင် ယုံကြည်မလဲ? မေတ္တာတရား ကြီးမားပြီး ပြည်သူသည်သာ အဓိက ဆိုတဲ့သူနဲ့ သူ့တဘို့ အတ္တတွက် သန်းချီပြည်သူ ပူဆွေးသောက ဒုက္ခ ရော က်စေသူ ဘယ်သူက သင့်ကောင်းကျိုးကို ဆောင်ကြဉ်းပေးမယ်လို့ ယုံကြည်သလဲ?? ? ခု လည်း လက်တွေ့ မြင်နေရတယ်မလား?အကြောက်တရားတွေနဲ့ ရှင်သန်ရတဲ့ ဘဝ ရွေးချင်သေး လား?? ဖိနှိပ်မှုတွေ ကြောက်ရွံ့မှုတွေ အဓမ္မတွေနဲ့ ရှင်သန်ရမယ့် ဘဝကို
မလိုချင်တော့ဘူးဆိုရင် ဒီအရေးတော်ပုံ အောင်ရေး သင် တတ်နိုင်တဲ့ဘက်က ပါဝင်ပေးပါ! အဓိ က သော့ချက် CDM ! CDM လုပ်ပြီး သူရဲကောင်းအဖြစ် မှတ်တမ်း အတင်ခံမလားနိုင်ငံ့သူပုန် အား ပေး အဖြစ် မျက်နှာအငယ်ခံမလား အခွင့်အရေးဆိုတာ ၂ ခါပြန် မရဘူးနော်! ” ဆိုပြီးသူမ ရဲ့လူမှုကွန်ရင်စာမျက်နှာမှာ ရေးသားဖော်ပြထေားပါတယ်.။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီး ကို အ ထူးပဲကျေးခူးတင်ရှိပါတယ်နော်။
Source ; Thet Mon Myint’s Facebook Page
(Zawgyi)
Leave a Reply
Your email address will not be published. Required fields are marked *