ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားရင်း ညဘက်တွေလည်း ကင်းစောင့်ပေးနေကြတဲ့ ဝါဆိုမိုးဦး နဲ့ ဖြိုးလေး စုံတွဲ
ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားရင်း ညဘက်တွေလည်း ကင်းစောင့်ပေးနေကြတဲ့ ဝါဆိုမိုးဦး နဲ့ ဖြိုးလေး စုံတွဲ
(Unicode)
ပြည်သူတွေနဲ့အတူပါဝင်လှုပ်ရှားရင်း ညဘက်တွေလည်း ကင်းစောင့်ပေးနေကြတဲ့ ဝါဆိုမိုးဦးနဲ့ဖြိုးလေးစုံတွဲ
ပရိသတ်ကြီးရေ အနုပညာ လောကမှာ အောင်မြင်မှုတွေ အခိုင် အမာ ရရှိ ထားကြတဲ့ အပြင် လိုက်ဖက်ညီတဲ့ စုံတွဲလေး အဖြစ် ပရိသတ်တွေ သဘောကျကာ အားပေး လက်ခံကြတဲ့ ဆယ်လီ စုံတွဲတွေ ထဲမှာ ဖြိုးလေး နဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေးကလည်း အပါအဝင် ပါပဲ။ တစ်ယောက် နဲ့ တစ်ယောက် နားလည် ချစ်ခင်ကြတဲ့
ရှေ့သွား နောက်လိုက် ညီတတ်ကြလွန်းတဲ့ သူတို့စုံတွဲလေး ကတော့ လတ်တလော အခြေအနေ တွေနဲ့ ပါတ်သက်ပြီး တော့လည်း ပြည်သူတွေ နဲ့ အတူ ရပ်တည်နေတာလည်း တွေ့ရပါတယ်နော်။ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထု လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်နေပြီး အားတက်သရော
ကြိုးစားနေကြပြီး ပြည်သူ ပရိသတ်တွေ အားလုံး ရဲ့ အနာဂတ်တွေ အတွက် တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခု တစ်ခါမှာလည်း ဖြိုးလေးနဲ့ ဝါဆိုတို့ စုံတွဲလေးဟာ လူထု လှုပ်ရှားမှုတွေမှာ ပင်ပင်ပန်းပန်းပါဝင်အားဖြည့်ခဲ့တဲ့အပြင် ညဘက်တွေလည်း ကိုယ်တိုင် ကင်းစောင့်နေကြတာကိုလည်း
ပရိသတ်တွေကို ဝေမျှထားတာ တွေ့ရပါတယ်။ အင်အားတွေတစ်နေ့ထက် တစ်နေ့မလျော့ကြေး 15.2.2021 3pm ဆိုပြီး ချစ်သူနှစ်ယောက်အတူ ပြည်သူတွေနဲ့တစ်သားတည်းပါဝင်ရပ်တည်ခဲ့တဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်။ ဘဝမှာ ကင်းစောင့်ဖူးသွားပြီ ဆိုပြီး
ညဘက်တွေမှာလည်း ကိုယ်တိုင်ကင်းစောင့်နေတဲ့အကြောင်းလေးကိုလည်း ဝါဆိုက ပရိသတ်တွေကို အသိပေးပြောပြထားတာမို့ ပရိသတ်တွေကလည်း သတိဝီရိယလေးတွေနဲ့ ဂရုစိုက်ကြဖို့ မှတ်ချက်လေးတွေ ရေးသားထားကြတာ တွေ့ရပါတယ်။ c r d
(Zawgyi)
Leave a Reply
Your email address will not be published. Required fields are marked *