ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်နေ တဲ့သူတွေရှေ့မှာ သရုပ်ပျက်အဝတ် အစားတွေနဲ့ မျက်နှာပြောင်လာ တိုက် တဲ့ အွန်လိုင်းဆယ်လီတစ်ဦးကို ဒဲ့ပြော လိုက်တဲ့ မင်းမော်ကွန်း
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်နေ တဲ့သူတွေရှေ့မှာ သရုပ်ပျက်အဝတ် အစားတွေနဲ့ မျက်နှာပြောင်လာ တိုက် တဲ့ အွန်လိုင်းဆယ်လီတစ်ဦးကို ဒဲ့ပြော လိုက်တဲ့ မင်းမော်ကွန်း
(Unicode)
အကယ်ဒမီ မင်းသား မင်းမော်ကွန်းကတော့ လက်ရှိမှာ ပြည်တွင်းတေနိုင်ငံရေးပြဿနာတွေ ကြား မှာ ဒီမိုကရေစီအစစ်အမှန်ရရှိဖို့ ပြည်သူလူထုနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ် ပါတယ်။ မင်းမော်ကွန်းကတော့ နေ့စဉ်တစ်ရက်မှမပျက်မကွက်ပဲ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော် နေပြီး လုပ်သားပြည်သူများ Civil Disobedience Movement မှာ ပါဝင်လာဖို့ တောင်းဆိုနေ တာပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေအတွက် အရေးကြီးနေတဲ့ အချိန်တစ်ခုမှာ သရုပ် ပျက် အဝတ်အစားတွေနဲ့ မျက်နှာပြောင်လာတိုက်တဲ့ နာမည်ကြီးဆယ်လီကို မင်းမော်ကွန်းက အ ခု လိုပဲ သတိပေးလာတာကို တွေ့ရပါတယ်။
“အပျော်လုပ်နေကြတာမဟုတ်ဘူးနော်။ ဘဝနဲ့ရင်း အသက်နဲ့ရင်း မိသားစုပါရင်းပြီး မတရားမှု တွေ ကိုတိုက်နေကြတာပါ။ ဆယ်မိနစ်လောက်လာထိုင် ဓါတ်ပုံရိုက်ပြီးပြန်တာလောက်ထိလည်း အပြစ်မပြောသေးပါဘူး။
ဘယ့်နဲ့ဗျာဗိုလ်ချုပ်မွေးနေ့ ဗိုလ်ချုပ်ကြေးရုပ်အောက်မှာ ငြိမ်းငြိမ်း ချမ်း ချမ်း စည်းကမ်းရှိရှိ ဆန္ဒ ဖေါ် ထုတ်နေပါတယ်ဆိုမှ သူ့လည်းဘယ်သူမှမခေါ် ယောက်ကျားမဟုတ် မိန်းမမဟုတ်၊ ဝတ် တော့ လည်းစကပ်အတိုနဲ့ အောက်စကလွတ် အပေါ်ကလည်းမှန်ဇာလို အကုန် ဖေါ်ပြီး မျက်နှာ ပြောင်လာတိုက်နေတာမျိုးကတော့ တော်တော် တရားလွန်တယ်”
“တိုင်းပြည်အတွက်အရေးကြီးနေတဲ့ အချိန်မို့မင်းကိုစကားနဲ့ပဲပြောလိုက်တာနော်။ ပြီးခဲ့တဲ့အက ယ်ဒ မီတုန်းကလည်းမင်းကြောင့် ဂရက်တွေထပြီးပြီ။ နောက်နေ့ထပ်တွေ့ရင်တော့အဆိုးမဆိုနဲ့။ ထပ်ပြောမယ် အပျော်အပျက်လုပ်နေတာမဟုတ်ဘူး။ သင်္ကြန်မဟုတ်ဘူး။ နကိုထဲကမှအပြစ်ပြော ဖို့ အကွက်ချောင်းနေတဲ့သူတွေတပြုံကြီး.. စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။ စည်းကမ်းရှိကြပါ။ တို ပြည်ချစ်လို့မဟုတ်ရင် လာကိုမလာပါနဲ့။ အားနေလို့ပျော်နေလို့လုပ်နေကြတာမဟုတ်ဘူး” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။
မင်းမော်ကွန်းကတော့ အပြစ်ဖို့ဖို့ စောင့်နေသူတွေကြားထဲမှာ သရုပ်ပျက်နေတဲ့ အွန်လိုင်းဆယ် လီတစ်ယောက်ကို ပြတ်ပြတ်သားသားနဲ့ သတိပေးလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိ သတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။
Source: Kyaw Kyaw Htay Lwin ‘s fb
Credit– Cele Connections
(Zawgyi)
Leave a Reply
Your email address will not be published. Required fields are marked *